မြန်မာစံတော်ချိန် (၁၂) နာရီခွဲအချိန် တိုင်းထွာချက်အရ ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ ၊ လွယ်တော်ခမ်းရပ်ကွက်တွင် ၎င်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်သို့ ရောက်ရှိနေပြီး အဆိုပါချောင်းရေသည် နောက် (၁၂) နာရီအတွင်း ၎င်းမြို့၏ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က အသိပေးထားသည်။



