ကျောက်ဆွေးတွင်းပြိုကျရာက မောင်နှမနှစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ အရှေ့တောင်ညိုရွာမှာ မနေ့က မေလ ၂၅ ရက် နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ အိုးဘိုလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။ဖြစ်စဉ်က စစ်ကိုင်းမြို့၊ အရှေ့တောင်ညိုရွာ၊ ရှင်သီဝလိတောရသွားတဲ့လမ်းရှိ တစ်နိုင်တစ်ပိုင် အိမ်လုပ်ကွက်တစ်ခုဖြစ်တဲ့ အိမ်ဆောက်ရာမှာသုံးတဲ့ကျောက်တွေထုတ်တဲ့ ကျောက်တွင်းမှာ မိုးရွာထားတာကြောင့် မြေသားပျော့နေတာကို ထပ်မံတူးကာ ကလိုင်(ဂလိုင်)ပြုလုပ်လိုက်တာကြောင့် အပေါ်ကမြေသားတွေ ပြိုကျတာလို့ ဒေသခံတွေရဲ့ပြောစကားကို အိုးဘို Recuse မှတာဝန်ရှိသူကပြောပါတယ်။

May 26 • 3:36 PM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


