ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် လာမည့် ဇွန် (၉)ရက်မှ (၁၈)ရက်အထိ ကျင်းပပြုလုပ်မည့် အာဆီယံ ယူ-၁၉ အမျိုး သမီးပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်၌ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် အိမ်ရှင် ဗီယက်နမ်အသင်းတို့ ထိပ်တို-က်တွေ့ဆုံယှဥ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း သိရသည်။မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အုပ်စု (က)၌ အိမ်ရှင် ဗီယက်နမ်၊ လာအို၊ တီမောအသင်းတို့ဖြင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲစဉ်အား ဇွန်လ (၉) ရက်တွင် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။





