back

တရုတ်နိုင်ငံ၏ (၁၅)သုတ်မြောက်ထောက်ပံ့ရေးပစ္စည်းများရောက်ရှိ

May 26 • 3:32 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

တရုတ်နိုင်ငံ၏ (၁၅)သုတ်မြောက်ထောက်ပံ့ရေးပစ္စည်းများရောက်ရှိ

မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများအတွက် တရုတ်နိုင်ငံမှ အရေးပေါ်လူသားချင်းစာနာထောက် ထားမှုအကူအညီပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိရာ (၁၅)သုတ်မြောက်အဖြစ် မေ ၂၃ ရက်...

မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများအတွက် တရုတ်နိုင်ငံမှ အရေးပေါ်လူသားချင်းစာနာထောက် ထားမှုအကူအညီပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိရာ (၁၅)သုတ်မြောက်အဖြစ် မေ ၂၃ ရက်နှင့် ၂၄ ရက်တို့ကထပ်မံရောက်ရှိလာခဲ့ကြောင်း သိရသည်။အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းဖြစ်သော ရုံးခန်းသုံး Prefabricated House နှင့် ဆက်စပ်ပရိဘောဂများ(၁၆၀) စုံ၊ ရိုးရိုးသာမန် Prefabricated House (၁,၁၂၀)စုံ၊ ဒီဇယ်ဆီ တန်ချိန်(၁၂,၀၀၀) နှင့် ဓာတ်ဆီတန်ချိန်(၃,၀၀၀)တို့သည် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

news-view-count-icon

20