မေလ ၂၃ ရက်နေ့ကထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင် ပတ္တယားဒေသတွင်အလှပြင်ဆိုင်တွင် ဆံပင်ပြုပြင်နေသော မြန်မာအမျိုးသမီးသုံးဦးကို ဆိုင်ဝန်ထမ်းများက ငွေညှစ်ပြီး ပါးရိုက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ဆံပင်ပြုပြင်ရန် နှစ်ဦးစာအတွက် ယွမ်ငွေ ၃၈၀၀ (၁၇၀၀၀ ဘတ်) ကုန်ကျမည်ဟု ဆိုင်ဝန်ထမ်းများကပြောသဖြင့် ၎င်းတို့နှစ်ဦးက သဘောတူခဲ့ပြီး ဆံပင်ပြုပြင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်အရ သိရသည်။ဆံပင်ပြုပြင်ပြီးနောက် မြန်မာအမျိုးသမီးများက မူလက သတ်မှတ်ထားသော ယွမ်ငွေ ၃၈၀၀ (၁၇၀၀၀ ဘတ်) ကို ပေးချေပြီးသော်လည်း ဆိုင်ဝန်ထမ်းများက ငွေအပြည့်မပေးရသေးသဖြင့် ထပ်မံပေးချေရန်လိုအပ်ကြောင်း၊ မပေးပါက ရဲတပ်ဖွဲ့ကို တိုင်ကြားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။



