back

ကန့်ဘလူနယ် ရွှေဘို-မြစ်ကြီးနားလမ်းလမ်းပိတ်ထားလို့ မော်တော်ယာဉ်တွ ကွင်းလမ်းကနေ ခက်ခက်ခဲခဲသွားလာနေရ

May 26 • 12:52 PM

breaking-news

မြန်မာ

ကချင်

cover

ကန့်ဘလူနယ် ရွှေဘို-မြစ်ကြီးနားလမ်းလမ်းပိတ်ထားလို့ မော်တော်ယာဉ်တွ ကွင်းလမ်းကနေ ခက်ခက်ခဲခဲသွားလာနေရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ စံပါယ်နံ့သာအနီးတစ်ဝိုက်မှာ လမ်းပိတ်ဆို့ထားတဲ့အတွက် ခရီးသွားကားတွေ ကွင်းရှောင်လမ်းကနေ ခက်ခက်ခဲခဲ ရ...

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ စံပါယ်နံ့သာအနီးတစ်ဝိုက်မှာ လမ်းပိတ်ဆို့ထားတဲ့အတွက် ခရီးသွားကားတွေ ကွင်းရှောင်လမ်းကနေ ခက်ခက်ခဲခဲ ရက်ချီသွား လာနေရတယ် လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ပေကြီးကနေ လွှဲဆိပ်အထိ ကွင်းလမ်းဟာ မိုင် ၅၀ ခန့်ကွာဝေးပြီး အခု မေလ ၁၈ ရက်လောက်ကနေ မိုးအဆက်မ ပြတ် ရွာနေတာကြောင့် လမ်းဗွက်ထနေပြီး လမ်းခရီး ငါးရက်ခန့် ကြန့်ကြာတဲ့အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။ခရီးသွားမော်တော်ယာဉ်တွေအနေနဲ့ လမ်းမှာငါးရက်ခန့် ကြန်ကြာတဲ့အပြင် ဗွက်နစ်ကားတွေကို ဆွဲဖို့ထွန်စက်ခ တွေပါ အဆမတန် ကုန်ကျနေတာကြောင့် သွားလာရေး အခက်တွေ့နေကြရတယ်လို့ ဆိုပါတယ်။


news-view-count-icon

31