back

ဒလမြို့မှာ လျှပ်စစ်စက်ဘီးနဲ့သုံးဘီးတွေ စီးနင်းခွင့်ပိတ်ပင်

May 26 • 12:51 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ဒလမြို့မှာ လျှပ်စစ်စက်ဘီးနဲ့သုံးဘီးတွေ စီးနင်းခွင့်ပိတ်ပင်

ရန်ကုန်မြို့တစ်ဖက်ကမ်းမှာရှိတဲ့ ဒလမြို့နယ်ထဲမှာ လျှပ်စစ်သုံးဘီး၊ လျှပ်စစ်စက်ဘီး စီးနင်းခွင့်ပိတ်ပင်လိုက်ပြီး တွေ့ရှိပါက ဖမ်းဆီးအရေးယူမယ်လို့ကြေညာချက်ထုတ်ထားပြီး...

ရန်ကုန်မြို့တစ်ဖက်ကမ်းမှာရှိတဲ့ ဒလမြို့နယ်ထဲမှာ လျှပ်စစ်သုံးဘီး၊ လျှပ်စစ်စက်ဘီး စီးနင်းခွင့်ပိတ်ပင်လိုက်ပြီး တွေ့ရှိပါက ဖမ်းဆီးအရေးယူမယ်လို့ကြေညာချက်ထုတ်ထားပြီး အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးနဲ့ သွားရေးလာရေး ခက်ခဲသွားတယ်လို့ မြို့ခံတချို့ကပြောပါတယ်။ ပြီးခဲ့တဲ့စနေညပိုင်းကစလို့ ဒီယာဉ်တွေ လမ်းပေါ်မှာ အသုံးပြုခွင့်မရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကတဆင့် ကြေညာ ခဲ့သလို တနင်္ဂနွေနေ့မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့နောက်လိုက်တချို့ဟာ ဒလမြို့တွင်းက အဓိကလမ်းမတွေမှာ ဖမ်းဆီးစစ်ဆေးမှုတွေ စတင်ခဲ့တာတွေ့ရပါတယ်။ 


news-view-count-icon

16