back

သဘာဝဘေးကြောင့် လူအစုလိုက်အပြုံလိုက် ဒဏ်ရာရပါက ပြင်ဆင်ကုသနိုင်ရန် ရန်ကုန်ဆေးရုံကြီးတွင် ဇာတ်တိုက်လေ့ကျင့်

May 26 • 10:23 AM

breaking-news

မြန်မာ

ရန်ကုန်

cover

သဘာဝဘေးကြောင့် လူအစုလိုက်အပြုံလိုက် ဒဏ်ရာရပါက ပြင်ဆင်ကုသနိုင်ရန် ရန်ကုန်ဆေးရုံကြီးတွင် ဇာတ်တိုက်လေ့ကျင့်

သဘာဝဘေး အန္တရာယ်ကြောင့် လူအစုလိုက်အပြုံလိုက် ထိခို-က်ဒဏ်ရာရရှိခဲ့ပါက ပြင်ဆင်ကုသနိုင်ရန် ဇာတ်တိုက်လေ့ကျင်မှုကို မေလ (၂၃) ရက် နေ့လယ်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြ...

သဘာဝဘေး အန္တရာယ်ကြောင့် လူအစုလိုက်အပြုံလိုက် ထိခို-က်ဒဏ်ရာရရှိခဲ့ပါက ပြင်ဆင်ကုသနိုင်ရန် ဇာတ်တိုက်လေ့ကျင်မှုကို မေလ (၂၃) ရက် နေ့လယ်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ယင်းသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် ဆေးရုံအုပ်ချုပ်မှုအဖွဲ့ဝင်များ၊ ဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုကြီး/သူနာပြုများ၊ ဓာတ်ခွဲ/ဓာတ်မှန် စသော ဆေးဘက် ကျွမ်းကျင်ဝန်ထမ်းများ၊ ရန်ကုန်သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများ၊ အငယ်တန်း ဝန်ထမ်းများ၊ လသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ လသာမြို့နယ် ရဲတပ်ဖွဲ့နှင့် လသာမြို့နယ် မီးသ-တ်တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား (၂၀၀) ဦး ပူးပေါင်း ပါဝင်ဆောင်ရွက်ကြသည်။

news-view-count-icon

16