မလေးရှားနိုင်ငံ၌ ယနေ့မေလ၂၆ရက် တနင်္လာနေ့တွင် ၄၆ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးကျင်းပနေပြီဖြစ်သည်။ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ အထူးသဖြင့် အမေရိကန်၏ အကောက်ခွန်ကိစ္စ၊ မြန်မာပဋိပက္ခနှင့် တောင်တရုတ်ပင်လယ်ရှိ ရေပိုင်နက် အငြင်းပွားမှုများကို ဆွေးနွေးကြမည်ဖြစ်သည်။



