back

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းတစ်ပိဿာ ကျပ် ၆၃၉၀ ဖြစ်ကြောင်းထုတ်ပြန်ကြေညာ၊ စျေးနှုန်းများ ဆက်တိုက်ကျဆင်းလျက်ရှိ

May 26 • 9:48 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းတစ်ပိဿာ ကျပ် ၆၃၉၀ ဖြစ်ကြောင်းထုတ်ပြန်ကြေညာ၊ စျေးနှုန်းများ ဆက်တိုက်ကျဆင်းလျက်ရှိ

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချ...

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

news-view-count-icon

18