ကော့ကရိတ်မြို့အနီးဝန်းကျင်လမ်းကြောင်းများ ပိတ်ထားမှုကြောင့် ကုန်စည်စီးဆင်းမှုမဖြစ်နိုင်တော့ဘဲ ဆန်၊ ဆီ၊ အသားငါး တို့အပါအဝင် အခြေခံစားသောက်ကုန်များမှာ စျေးနှုန်းအဆမတန်မြင့်တက်နေပြီး၊ ပစ္စည်းရှားပါးလာမှုကြောင့် ဒေသခံများအနေဖြင့် စားဝတ်နေရေးအတွက် တင်းမာလာကြောင်း သိရသည်။ CP ကြက်သား၊ ပြင်ပကုန်စည်များဝင်ရောက်မှု မရှိတော့သောကြောင့် ဒေသထွက်ကုန်များကိုသာ အသုံးပြုနေရပြီး၊ KPay စနစ်ဖြင့် ငွေထုတ်မှုအခက်အခဲများ၊ ဓာတ်ဆီနှင့် စားဆီစျေးတူညီမှုပြဿနာများကြောင့်လည်း ဒေသခံများရင်ဆိုင်နေရသည်။



