back

တာချီလိတ်တွင် ခွင့်ပြုချက်မရှိဘဲ မြေကွက်ဖော်ထုတ် ရောင်းချမှုများအား တားမြစ်အရေးယူမည်

May 26 • 9:20 AM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်တွင် ခွင့်ပြုချက်မရှိဘဲ မြေကွက်ဖော်ထုတ် ရောင်းချမှုများအား တားမြစ်အရေးယူမည်

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ မြေကွက်ဖော်ထုတ် ရောင်းချသူများ၊ ထိုသို့ဖော်ထုတ်သည့် မြေကွက်များကို Online မှတဆင့် ကြေညာ ရောင်း...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ မြေကွက်ဖော်ထုတ် ရောင်းချသူများ၊ ထိုသို့ဖော်ထုတ်သည့် မြေကွက်များကို Online မှတဆင့် ကြေညာ ရောင်းချသူများကို တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။ ၂၀၂၅ ခုနှစ် မေလ ၂၁ ရက်နေ့တွင် မြို့နယ်မြေစာရင်းဦးစီးဌာန၊ တာလေ၊ ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူးရုံးများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများအား အသိပေးပြီးဖြစ်သည်။ မြေယာအကျိုးခံစားခွင့်ရှိသူများအနေဖြင့် ဥပဒေနှင့်အညီ ခွင့်ပြုချက်တင်ပြရရှိပြီးမှသာ လုပ်ငန်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တားမြစ်ချက်နှင့်လိုက်နာမှုမရှိပါက တည်ဆဲဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။


news-view-count-icon

14