ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ နောင်တောင်းဗုဒ္ဓကောလိပ်နှင့် ပြည်တွင်း/ပြည်ပတက္ကသိုလ်များမှ ဘွဲ့ရသံဃာတော်များ၊ ကျောင်းသား/ကျောင်းသူများအား မေ ၂၅ ရက်နေ့မွန်းတည့် ၁၂ နာရီက နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် အခမ်းအနားဖြင့် ဘွဲ့လက်မှတ်များချီးမြှင့်ခဲ့သည်။အဆိုပါအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် တို့အပါအဝင် တာဝန်ရှိသူများက နိုင်ငံတော်အစိုးရနှင့် ဝိုင်အမ်ဘီအေအဖွဲ့ကြီးမှ ကပ်လှူပူဇော်သော ဘွဲ့ခံဆရာတော်များအား ဘွဲ့တံဆိပ်တော်များနှင့်အတူ အလှူငွေများလည်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။



