back

ရဲခေါ်ဖမ်းခိုင်းသည့် အလုပ်ရှင် ထံမှ မြန်မာလုပ်သားများ လုပ်အားခ ဘတ် ၄၀၉,၀၇၂ ပြန်လည်ရရှိ

May 26 • 7:47 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ရဲခေါ်ဖမ်းခိုင်းသည့် အလုပ်ရှင် ထံမှ မြန်မာလုပ်သားများ လုပ်အားခ ဘတ် ၄၀၉,၀၇၂ ပြန်လည်ရရှိ

ထိုင်းနိုင်ငံ စမူပရာကန်မြို့နယ်ရှိ ဆေးဘဲဥထုတ်လုပ်သော အလုပ်ရုံတစ်ခု၌ လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၂၁ ဦး၏ လုပ်အားခ ဘတ် ၄၀၉၀၇၂ (လေးသိန်းကိုးထောင်ကိုးရာဟောင်းဆယ်နှ...

ထိုင်းနိုင်ငံ စမူပရာကန်မြို့နယ်ရှိ ဆေးဘဲဥထုတ်လုပ်သော အလုပ်ရုံတစ်ခု၌ လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၂၁ ဦး၏ လုပ်အားခ ဘတ် ၄၀၉၀၇၂ (လေးသိန်းကိုးထောင်ကိုးရာဟောင်းဆယ်နှစ်ဘတ်) ကို အလုပ်ရှင်မှ ပြန်လည်ပေးအပ်ခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့မှ သိရသည်။ လုပ်အားခငွေကို မပေးပဲ ရှင်းပေးဖို့တောင်းဆိုသည့် မြန်မာလုပ်သား ၁၈ ဦးကို မေလ ၁၈ ရက်တွင် ထိုင်းရဲဖြင့် ဖမ်းဆီးခိုင်းခဲ့သော်လည်း၊ မြန်မာဘက်မှ ရှင်းပြမှုကြောင့် ထိုင်းရဲက လုပ်သားများအား ပြန်လွှတ်ခဲ့သည်။ ထို့နောက် အလုပ်သမားဝန်ကြီးဌာနနှင့် MHAC တို့က မေလ ၁၉ ရက်တွင် ထိုင်းဥပဒေအရ တရားဝင် တိုင်ကြားခဲ့ပြီးနောက် မေလ ၂၃ ရက်တွင် လုပ်သားများ၏ လုပ်အားခနှင့် အထောက်အထားစာရွက်စာတမ်းများကို အလုပ်ရှင်မှ တရားဝင် ပြန်လည်ပေးအပ်ခဲ့သည်။


news-view-count-icon

23