back

Xiaomi နှင့် Qualcomm တို့ နှစ်ရှည်မဟာဗျူဟာမြောက် ဆက်ဆံရေးကို သက်တမ်းတိုး

May 26 • 3:07 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

Xiaomi နှင့် Qualcomm တို့ နှစ်ရှည်မဟာဗျူဟာမြောက် ဆက်ဆံရေးကို သက်တမ်းတိုး

Xiaomi နှင့် Qualcomm တို့သည် ၎င်းတို့၏ မဟာဗျူဟာမြောက် ဆက်ဆံရေးကို နှစ်ရှည်ကြာ သဘောတူညီမှုဖြင့် တရားဝင် သက်တမ်းတိုးလိုက်ကြသည်။ ရေရှည်ဆက်ဆံရေးကို ပန္နက်ချသည့် ၎င...

Xiaomi နှင့် Qualcomm တို့သည် ၎င်းတို့၏ မဟာဗျူဟာမြောက် ဆက်ဆံရေးကို နှစ်ရှည်ကြာ သဘောတူညီမှုဖြင့် တရားဝင် သက်တမ်းတိုးလိုက်ကြသည်။ ရေရှည်ဆက်ဆံရေးကို ပန္နက်ချသည့် ၎င်းသဘောတူညီချက်အရ ရှောင်မီ၏ စမတ်ဖုန်းများနှင့် တက်ဘလက်များ၏ အထင်ကရမော်ဒယ်များသည် Snapdragon 8-series ချစ်ပ်များကို နောက်နောင် မျိုးဆက်သစ်များတွင် ဆက်လက်အသုံးပြုသွားမည်။ သုံးစွဲမည့် ချစ်ပ်‌အရေအတွက်သည်လည်း နှစ်စဉ်တိုးမြင့်လာမည်ဖြစ်သည်။ Xiaomi နှင့် Qualcomm တို့ လက်တွဲထားကြသည်မှာ ၁၅ နှစ် ရှိပြီ ဖြစ်သည်။ ၂၀၁၁ တွင် ထုတ်လုပ်သည့် Mi 1 စမတ်ဖုန်းတွင် Qualcomm ၏ ချစ်ပ်ကို ပထမဆုံး စတင်သုံးစွဲခဲ့သည်။ ယခုအခါ ရှောင်မီသည် Qualcomm ၏ ချပ်စ်များ သိန်းပေါင်းရာချီ သုံးစွဲခဲ့ပြီးပြီ ဖြစ်သည်။ ရှောင်မီသည် နောက်မျိုးဆက်သစ် ပရီမီယံ Snapdragon 8 စီးရီး ကို ပထမဆုံးသုံးသည့် ကုမ္ပဏီများတွင် ပါဝင်မည်။ တရုတ်ပြည်တွင်းသုံးဗားရှင်းနှင့် ကမ္ဘာသုံး ဗားရှင်း စမတ်ဖုန်းများနှင့် တက်ဘလက်များတွင် အသုံးပြုသွားမည်။


news-view-count-icon

9