back

ထိုင်း နိုင်ငံ အဝှမ်းမှာ ၁၅ ရက်အထိ မိုးသည်းထန်စွာ ရွာမည်

May 26 • 3:04 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း နိုင်ငံ အဝှမ်းမှာ ၁၅ ရက်အထိ မိုးသည်းထန်စွာ ရွာမည်

ထိုင်းနိုင်ငံ မိုးလေဝသဌာန (TMD) က ယခုရက်သတ္တပတ်အတွင်းနှင့် လာမည့်ဇွန်လအစောပိုင်းအထိ ၁၅ ရက်ကြာ ထိုင်းနိုင်ငံတစ်ဝန်းတွင် မုတ်သုံမိုးအားကောင်းပြီး မိုးသည်းထန်စွာရွ...

ထိုင်းနိုင်ငံ မိုးလေဝသဌာန (TMD) က ယခုရက်သတ္တပတ်အတွင်းနှင့် လာမည့်ဇွန်လအစောပိုင်းအထိ ၁၅ ရက်ကြာ ထိုင်းနိုင်ငံတစ်ဝန်းတွင် မုတ်သုံမိုးအားကောင်းပြီး မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် တောင်ကျရေလျှံမှုအန္တရာယ်များ ရှိနေကြောင်း သတိပေးချက်ထုတ်ပြန်ထားပါသည်။ မေလ ၂၅ ရက်နေ့မှစ၍ လာမည့် ၂၄ နာရီအတွင်းနှင့် ဇွန်လ ၈ ရက်နေ့အထိ၊ အထူးသဖြင့် မေလ ၂၅ ရက်မှ ၂၇ ရက်အတွင်း မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ ဘန်ကောက်နှင့် အနီးတဝိုက်ဒေသများ၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသ အနောက်ဘက်ကမ်းရိုးတန်းတို့တွင် မိုးသည်းထန်စွာမှ အလွန်သည်းထန်စွာ ရွာသွန်းနိုင်ခြေရှိသည်။ အချို့သတင်းများအရ ပြည်နယ်ပေါင်း ၄၆ ခုမှ ၆၆ ခုအထိ မိုးသည်းထန်မှုဒဏ် ခံရနိုင်သည်။


news-view-count-icon

20