မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခို-က်ပျ-က်စီးမှုရှိခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇာမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီးကို စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် ငြမ်းဆင်နေကြောင်း သိရသည်။ထို့ပြင် စေတီတော်ကြီး၏ ကိုယ်ထည်၌လည်း အက်ကွဲခြင်း၊ ဆေးကွာများရှိသည့်အတွက် ပညာရှင်များကိုယ်တိုင်တက်ရောက်ကာ စစ်ဆေးနိုင်ရန် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မိန့်ကြားချက်ဖြင့် ငြမ်းဆင်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။လက်ရှိတွင် စေတီတော်ပရဝုဏ်အတွင်းရှိ အခြားပြိုကျပျ-က်စီးခဲ့သည့် သာသနိက အဆောက်အအုံများကို ဖယ်ရှားရှင်းလင်းပြီးဖြစ်ကြောင်းလည်း သိရသည်။



