ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်ရှိရွှေဥမင် ဂူဘုရားနှင့် ဘုရားတောင်ခြေရှိ သက်တမ်းရင့် ညောင်ပင်ကြီးသည် ချိပ်စွဲပြီး အပင်မှ ချိပ်ခွါခြင်း များပြုလုပ်၍ အချိန်ကြာသည့်အမျှ အပင်သည် ခြောက်ကာ ခုတ်လိုက်ရသည်။ထို့ပြင် ညောင်ပင်ကြီးရှိ ချိပ်များခွါယူကြခြင်းကြောင့် အပင်များတစ်ဝက်ခန့်ခြောက်လာခြင်းနှင့် ရာသီဥတု အခြေအနေကြောင့် သစ်ပင် ကျိုးကျ ခြင်းများကြောင့် ခုတ်လိုက်ရကြောင့် သိရသည်။ချိပ်စေးများကို ပေါလစ်ပြုလုပ်ပြီး သစ်သား၊ ပရိဘောဂများကို ကြာရှည်ခံစေရန် နှင့် တောက်ပြောင်ချောမွေ့စေရန်အတွက် သုတ်ဆေးအဖြစ်သုံးလေ့ရှိကြောင်းသိရှိရသည်။ ချိပ်သည်ဈေးရရှိနေပြီး အချို့က စိုက်ထားသည့်အပင်များတွင် ကိုင်းကူးမွေးမြူကာ ခွာယူပြီးရောင်းချလျှက်စီးပွားရှာသူများလည်းရှိကြောင်း သိရသည်၊၊



