သရုပ်ဆောင် ရီရီပွင့်ဖြူရဲ့ မိခင် ဝါရင့်ဇာတ်ပို သရုပ်ဆောင် ဒေါ်ခင်သန်းဝင်း အသက် ၆၇ နှစ်ဟာ ယနေ့ မေလ ၂၄ ရက် နံနက် ၁၀ နာရီခန့်က သွေးတိုး ရောဂါနဲ့ရုတ်တရက် နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။"အမေ ဆုံးပြီ။ ကျမအမေက သွေးတိုးရောဂါသမားပါ။ တခြား အိပ်ရာထဲလဲနေတဲ့ရောဂါ ဘာမှမရှိပါဘူး။
ဒီမနက်မှာပဲ တရုတ်ရက် သွေးဆောင့်တက်ပြီး ဆုံးသွားတာပါ"လို သရုပ်ဆောင် ရီရီပွင့်ဖြူက ပရိသတ်သိအောင် ပြောလာပါတယ်။


