ဂျပန်ရဲတပ်ဖွဲသည် မြန်မာနိုင်ငံအခြေစိုက် တရုတ် အွန်လိုင်းလိမ်လည်မှုကျားဖြန့်ဂိုဏ်း၏ အဖွဲဝင်တစ်ဦးအဖြစ် ငွေကြေးလိမ်လည်သည့် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်သည်ဟု စွပ်စွဲကာ အသက် ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသား လူငယ်တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သတင်းရင်းမြစ်များက စနေနေ့တွင် ပြောကြားခဲ့သည်။အိုင်ချီစီရင်စုရဲတပ်ဖွဲ၏ ပြောကြားချက်အရ သံသယရှိသူသည် နာဂိုယာစီရင်စု၊ မီဇူဟိုရပ်ကွက်မှ အထက်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး မိသားစု၏ အကူအညီတောင်းခံမှုအရ ထိုင်းအာဏာပိုင်များက ထိန်းသိမ်းပြီးနောက် ဂျပန်နိုင်ငံသို ပြန်ရောက်လာသူဖြစ်သည်။
မြန်မာနိုင်ငံက တရုတ် ကျားဖြန့်လိမ်လည်မှုဂိုဏ်းမှာ ပါဝင်ခဲ့သူ ဂျပန်အထက်တန်းကျောင်းသားကို အိုင်ချီရဲတပ်ဖွဲ ဖမ်းဆီး
May 25 • 9:17 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


