back

နေရောင်ကို အလွန်အကျွံရှောင်ခြင်းကြောင့် တရုတ်အမျိုးသမီး နံရိုးကျိုး

May 25 • 6:29 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

နေရောင်ကို အလွန်အကျွံရှောင်ခြင်းကြောင့် တရုတ်အမျိုးသမီး နံရိုးကျိုး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် နေရောင်ကို အလွန်အကျွံ ရှောင်ရှားခဲ့သောကြောင့် ဗီတာမင် ဒီ ချို့တဲ့မှု ပြင်းထ...

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် နေရောင်ကို အလွန်အကျွံ ရှောင်ရှားခဲ့သောကြောင့် ဗီတာမင် ဒီ ချို့တဲ့မှု ပြင်းထန်နေပြီး အိပ်ယာပေါ် လှဲနေရင်း ဘေးတစောင်း လှည့်လိုက်ရုံဖြင့် နံရိုးတစ်ချောင်း ကျိုးသွားခဲ့သည်။ တရုတ်မီဒီယာ Sina ၏ အဆိုအရ သူမ၏ ခင်ပွန်းဖြစ်သူ Long Shuang က သူမအား ချန်ဒူးမြို့ရှိ တရုတ် တိုင်းရင်းဆေးပညာ ဆေးရုံ XinDu Hospital သို့ ပို့ဆောင်ပေးခဲ့သည်။ သူမ၏ အမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ Long Shuang သည်လည်း XinDu Hospital မှ ဆရာဝန်တစ်ဦးဖြစ်သည်။ ဆေးစစ်ချက်များအရ လူနာသည် ငယ်စဉ်ကတည်းက နေရောင်ခြည်ကို လုံးဝနီးပါး ရှောင်ရှားခဲ့ကြောင်း သိရသည်။ အပြင်သို့ထွက်သည့်အခါတိုင်း လက်တိုအဝတ်အစားများကို ဝတ်ဆင်ခဲပြီး နေရောင်ကာကွယ်သည့် ခရင်မ် (sunscreen) ကို အမြဲတစေ အသုံးပြုခဲ့သည်။ ဆေးစစ်သည့်အခါ သူမ၏ ဗီတာမင် ဒီ ပမာဏသည် 7.8 ng/ml သာ ရှိကြောင်း တွေ့ရှိခဲ့ရသည်။ ပုံမှန်အားဖြင့် လူတစ်ဦးတွင် ဗီတာမင် ဒီ ပမာဏသည် 20–25 ng/ml ရှိသင့်သည်။

news-view-count-icon

11