back

Nissan Motor Co သည် လုပ်သားအင်အားစုတွင် ၂၀,၀၀၀ လျှော့ချမည်

May 25 • 6:28 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

Nissan Motor Co သည် လုပ်သားအင်အားစုတွင် ၂၀,၀၀၀ လျှော့ချမည်

Nissan Motor Co သည် လုပ်သားအင်အားစုတွင် ၂၀,၀၀၀ လျှော့ချမည်ဖြစ်ပြီး ထိုသို့ လျှော့ချသည့်အတွက် ပေးရမည် လျော်ကြေး၊ နစ်နာကြေးများ အပါအဝင် ကုန်ကျစရိတ်သည် ယခုဘဏ္ဍာနှစ...

Nissan Motor Co သည် လုပ်သားအင်အားစုတွင် ၂၀,၀၀၀ လျှော့ချမည်ဖြစ်ပြီး ထိုသို့ လျှော့ချသည့်အတွက် ပေးရမည် လျော်ကြေး၊ နစ်နာကြေးများ အပါအဝင် ကုန်ကျစရိတ်သည် ယခုဘဏ္ဍာနှစ်အတွင်း ယန်း ၆၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၁၈ သန်း) ကုန်ကျနိုင်သည်ဟု နီဆန်းမှ ဘဏ္ဍာရေးအရာရှိချုပ် Jeremie Papin က ခန့်မှန်းထားသည်။ နီဆန်းသည် ပြီးခဲ့သည့် မတ်လတွင် ပြီးဆုံးသည့် ဘဏ္ဍာနှစ်တွင် အသားတင်အရှုံး ကန်ဒေါ်လာ ၄.၅ ဘီလီယံ ရှိခဲ့သည်။ ယခုအခါ လုပ်သားအင်အား လျှော့ချမည်ဖြစ်ပြီး စက်ရုံ ၁၇ ရုံရှိသည့်အနက် ဂျပန်မှ စက်ရုံများအပါအဝင် ၇ ရုံကို ပိတ်ထားရန်၊ ဂျပန်မှ ရုံးချုပ်အဆောက်အဦ ရောင်းချရန်တို့ကို စဉ်းစားထားပြီး အပြီးသတ် ဆုံးဖြတ်ချက် မချရသေးချေ။

news-view-count-icon

9