back

ညောင်တုန်းတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ် ၁၈ လုံးရေမျော၊ အိမ်ခြေ ၃၀ ကျော် အရေးပေါ်ရွှေ့ပြောင်း

May 25 • 5:59 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ညောင်တုန်းတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ် ၁၈ လုံးရေမျော၊ အိမ်ခြေ ၃၀ ကျော် အရေးပေါ်ရွှေ့ပြောင်း

ဧရာဝတီတိုင်းညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာရွာတွင် မေလ ၂၄ ရက်ညပိုင်းက မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၁၈ လုံးရေထဲပါသွားခဲ့...

ဧရာဝတီတိုင်းညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာရွာတွင် မေလ ၂၄ ရက်ညပိုင်းက မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၁၈ လုံးရေထဲပါသွားခဲ့ကြောင်းသိရသည်။ ထို့အပြင် အန္တရာယ်ရှိနေသောအိမ်ခြေ ၃၅ လုံးအား အရေးပေါ် ဖျက်သိမ်းရွှေ့ပြောင်းနေရသည်။ ပြိုကျသွားသောအိမ်များတွင် တဲအိမ်၊ ဝါးအိမ်များသာမက အိမ်ကြီးအိမ်ကောင်းများပါဝင်ကြောင်း သိရှိရသည်။ သို့သော် ထိခိုက်မှုအလွန်ကောင်းမွန်စွာလွတ်မြောက်နိုင်ခဲ့ပြီး သေဆုံးသူမရှိဟု ဒေသခံများက ပြောကြားသည်။ လက်ရှိတွင် သဘာဝဘေးဒဏ်ခံရသူများအတွက် တိတိကျကျ ကယ်ဆယ်ရေးစခန်းမဖွင့်ရသေးသဖြင့် အနီးအနားတွင်သာအဆင်ပြေအောင် နေထိုင်စားသောက်နေရကြသည်။ ထို့ကြောင့် စောင်၊ ခြင်ထောင်နှင့် အခြားအရေးပေါ်အကူအညီများလိုအပ်နေကြောင်း ပြောဆိုထားသည်။


news-view-count-icon

18