သက်တမ်းကုန်ခါနီး ဖြစ်နေသော Body Lotion၊ Sunscreen၊ မျက်နှာသစ်ဆေးနှင့် အခြားအလှကုန်များကို စျေးတန်တန်ဖြင့် ရောင်းချနေမှုများ ပြည်တွင်းလက်လီစျေးများတွင် တွေ့ရသည်။ ရောင်းချသူများက သက်တမ်းကုန်သော်လည်း သုံးလို့ရသေးကြောင်း ပြောကြသော်လည်း၊ ဓာတ်မတည့်မှု၊ အရေပြားထိခိုက်မှု စတဲ့ အန္တရာယ်များရှိနိုင်သည်ဟု အတွေ့အကြုံရှိသူများက သတိပေးသည်။ သက်တမ်းမပြထားသော အလှကုန်များလည်း ရောင်းချနေမှုတွေ့ရပြီး၊ အရည်အသွေးအာမခံမှုမရှိသဖြင့် စျေးနည်းကြောင်းအနားမယူဘဲ သုံးသင့်မသုံးသင့် စဥ်းစားဖို့လိုကြောင်း အသုံးပြုသူများအား သတိပေးထားသည်။



