ထိုင်းနိုင်ငံတွင် အလုပ်အကိုင် (၁၃) မျိုးအတွက် အနိမ့်ဆုံး တစ်ရက်လုပ်ခလ စာ ဘတ် ၆၀၀ မှ ဘတ် ၈၀၀ အထိတိုးမြှင့်ပေးရန် ထိုင်းအလုပ်သမားဝန်ကြီး ဌာန၏ တင်ပြချက်ကို ထိုင်းအစိုးရအဖွဲ့က သဘောတူညီခဲ့ပြီး ထိုင်းဘုရင်ထံ တင်ပြထားကြောင်း သိရသည်။အနိမ့်ဆုံး လုပ်ခလစာတိုးမြှင့်ပေးရန် တင်ပြထားမှုအား ထိုင်းဘုရင်မှ ခွင့်ပြုကြောင်း လက်မှတ်ရေးထိုးပြီး အမိန့်ပြန်တမ်းထွက်ရှိလာသည်နှင့် ရက်ပေါင်း ၉၀ အတွင်း ယင်း ဥပဒေသည် အသက်ဝင်မည်ဖြစ်သည်။ထို့ကြောင့် ယင်း ဥပဒေ အသက်ဝင်သည်နှင့် ထိုင်းအစိုးရ သတ်မှတ်ထားသည့် အလုပ်အကိုင် (၁၃) မျိုးတွင် လုပ်ကိုင်နေသော အလုပ်သမားများမှာ အနိမ့်ဆုံး တစ်ရက်လုပ်ခလစာအဖြစ် ဘတ် ၆၀၀ မှ ဘတ် ၈၀၀ အထိရရှိမည်ဖြစ်သည်။
ထိုင်းတွင် အလုပ်အကိုင် (၁၃) မျိုးအတွက် အနိမ့်ဆုံး တစ်ရက်လုပ်ခလစာ ဘတ် ၆၀၀ မှ ဘတ် ၈၀၀ အထိ တိုးမြှင့်ပေးမည်
May 25 • 5:38 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


