ပြန်လည်တည်ဆောက်ရေးနှင့် ထူထောင်ရေးလုပ်ငန်းများဖြင့် လည်ပတ်နေသည့် လားရှိုးမြို့တွင် ပေါ်ဆန်းမွှေးဆန်တစ်အိတ် ဈေးကျပ် (၃) သိန်းကျော်ရှိနေသလို၊ စားသုံးဆီနှင့် စက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်နေသည်။ တိုက်ပွဲမဖြစ်မီက ဆန်အိတ်တစ်အိတ်သည် ကျပ် (၁.၅) သိန်းဝန်းကျင်သာဖြစ်ခဲ့ကြောင်း ပြောဆိုသူများကဖော်ပြသည်။ လက်ရှိအခြေအနေတွင် တရုတ်ဘက်မှ တင်သွင်းလာသော ရေသန့်နှင့် အခြေခံစားသောက်ကုန်များအပေါ်မှာသာ မြို့ခံများမှီခိုနေရခြင်းကြောင့်၊ အတွင်းပိုင်းထုတ်ကုန်များနှင့် လမ်းကြောင်းပိတ်ဆို့မှုကြောင့် ဈေးနှုန်းများ မတည်မြဲသေးခြင်း ဖြစ်ကြောင်း သိရှိရသည်။



