back

မိုးရာသီတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ သတိထားရန် လိုအပ်ကြောင်း သတိပေး

May 25 • 5:33 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မိုးရာသီတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ သတိထားရန် လိုအပ်ကြောင်း သတိပေး

မိုးရာသီရောက်ရှိလာမည့်အချိန်ကြောင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်မှု မြင့်မားလာနိုင်သဖြင့် သတိထားကြရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ...

မိုးရာသီရောက်ရှိလာမည့်အချိန်ကြောင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်မှု မြင့်မားလာနိုင်သဖြင့် သတိထားကြရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။ ယင်းရောဂါသည် မသန့်ရှင်းသော ရေသောက်မှုများနှင့် မသန့်ရှင်းသောအစားအစာများ စားသုံးမှုကြောင့် ကူးစက်နိုင်ပြီး မိုးဦးနှင့် မိုးအကုန်ကာလများတွင် ဖြစ်ပွားနှုန်းမြင့်သည့်အပြင် အချိန်မီကုသမှုမခံယူပါက အသက်ဆုံးနိုင်သည့်အန္တရာယ်ရှိကြောင်းလည်း အသိပေးထားသည်။ ထို့ကြောင့် ရောဂါသံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ချက်ချင်းသွားရောက်၍ ထိရောက်သောကုသမှုခံယူရန် တိုက်တွန်းထားသည်။


news-view-count-icon

21