မွန်ပြည်နယ်အတွင်းရှိ မြို့နယ် တစ်ချို့မှာ လိုင်စင်မဲ့ကားအပါအဝင် ဆိုင်ကယ်တွေကို နေအိမ်တွေအထိ လိုက်လံဖမ်းဆီးပြီး ခြိမ်းခြောက် ငွေကြေးတောင်းခံမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုဟာ ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ လိုင်စင်မဲ့ကားနဲ့ လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းနေမှုတွေကို ဖော်ထုတ်ရမှာဖြစ်ပြီး နံပါတ်ပြား အတုပြုလုပ်တာ၊ လိုင်စင်အတု ပြုလုပ်တာတွေကို တွေ့ရတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ပါဝင် ပတ်သက်နေသူ အားလုံးကို စိစစ်ဖော်ထုတ် အရေးယူဖို့ ညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။ ထုတ်ပြန်ချက်အရ မေ ၂၂ ရက်နေ့က ရေး၊ သံဖြူဇရပ်နဲ့ မုဒုံမြို့နယ်မှာ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် ၄ စီး ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အညီ အရေးယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။


