သရုပ်ဆောင် အောင်မင်းခန့်က သမီးလေးကို ချစ်လွန်းလို့ အမြဲလိုလို ကလိနေတယ်လို့ဆိုပါတယ်။ ဆင်ကြည်စားတာ ဆိတ်မခံနိုင်ဆိုသလို သမီးလေး Aura က ဖေဖေကျီစားတာတွေကို မကြိုက်တဲ့အကြောင်း ပြောပြပါသေးတယ်။ Aura လေးဟာ ရက်သားလေးသာရှိသေးပေမယ့် အင်မတန်ကို ချောမောလှပတဲ့ ကလေးလေးအဖြစ် မွေးဖွားလာခဲ့တာလည်းဖြစ်ပါတယ်။


