Kill Cliff FC ရဲ့ နည်းပြတစ်ဦး ဖြစ်နေပြီဖြစ်တဲ့ အောင်လအန်ဆန်း ဟာ လက်ရှိမှာ အမေရိကား က Fury FC ကို ရောက်ရှိနေပြီးFury FC ဆိုတာကတော့ တစ်ချိန်က ဂျော့ရှုအာဗန် ကျင်လည်ခဲ့ရာ ပရိုမိုးရှင်း ဖြစ်ပါတယ်။ဒီကနေ့မှာတော့ အဲဒီပရိုမိုးရှင်းက Fury FC 104 ပြိုင်ပွဲ ကျင်းပမှာလည်းဖြစ်ပါတယ်။Kill Cliff FC မှာ လေ့ကျင့်ပြင်ဆင်ထားတဲ့ ဒါဂက်စတန် ဖိုက်တာ Abdulaziz Datsilaev က ကိုလံဘီယာ ဖိုက်တာ Dumar Roa နဲ့ ရင်ဆိုင်ပြီး လိုက်ဝိတ်တန်း ခေါင်းစဉ်အောက်ကနေ ထိုးမှာ ဖြစ်ပါတယ်။Abdulaziz Datsilaev ရဲ့ ဘေးမှာ နပန်းနည်းပြကြီး ဆာအိ ဆာပါရော့ ၊ Striking နည်းပြ အောင်လအန်ဆန်း တို့ လိုက်ပါလာခဲ့ပါတယ်။ ဒါ့ကြောင့် ဒီပွဲကို သူတို့ နှစ်ယောက်ပဲ အနီးကပ် ကြီးကြပ်ပေးသွားမှာဖြစ်ပြီးAbdulaziz Datsilaev ဟာ အခုမှ အသက် 25 နှစ်ပဲ ရှိသေးပြီး MMA Record (4-0) ပိုင်ဆိုင်ထားကာ ၊ မကြာခင် UFC ထိ ခြေဆန့်လာဖွယ်ရှိတဲ့ ဖိုက်တာ တစ်ယောက်ဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
May 25 • 4:39 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


