back

လက်ရှိထိုးနှံနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနှင့် ‌ ‌‌ေသဆုံးနိုင်ခြေကိုထိရောက်စွာလျှော့ချနိုင်

May 25 • 4:13 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

လက်ရှိထိုးနှံနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနှင့် ‌ ‌‌ေသဆုံးနိုင်ခြေကိုထိရောက်စွာလျှော့ချနိုင်

လက်ရှိထိုးနှံနေသော ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနှင့် ‌‌ေသဆုံးနိုင်ခြေကိုထိရောက်စွာလျှော့ချနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာ...

လက်ရှိထိုးနှံနေသော ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနှင့် ‌‌ေသဆုံးနိုင်ခြေကိုထိရောက်စွာလျှော့ချနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဆိုပါတယ်။၎င်းမှ မေ ၂၃ ရက်မွန်းလွဲပိုင်းကကျင်းပသည့် မိုးရာသီတွင်ဖြစ်ပွားတတ်သော အသက်ရှူလမ်း ကြောင်းဆိုင်ရာကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းလည်းဖြစ်ပါတယ်။ကမ္ဘာ့နိုင်ငံအချို့နှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများ လတ်တလောမြင့်တက်လာကာ ဒေသတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာသော်လည်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲများသည် XBB နှင့် JN.1 တို့မှ မျိုးရိုးဗီဇပြောင်းလာသောရောဂါပိုးများဖြစ်ပြီး ရောဂါပိုမိုပြင်းထန်မှုနှင့် ပိုမို‌ေ-သဆုံးမှုမရှိဟု ပြောပါတယ်။

မိုးရာသီကာလ စိုစွတ်သည့်ရာသီဥတုအခြေအနေကြောင့် အသက်ရှူလမ်းကြောင်းမှ ကူးစက်တတ်သော ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများကို ပိုမိုအားဖြည့် စောင့်ကြပ်ကြည့်ရှုရမည်ဟု ပြောပါတယ်။ ပြည်သူ့ဆေးရုံကြီးများတွင် ထိရောက်စွာစနစ်တကျဆေးကုသမှုပေးနိုင်ရေး လိုအပ်သည့် အရင်းအမြစ်များကြိုတင်ပြင်ဆင်ထားရှိမှုနှင့် ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးပြောကြားခဲ့သလိုမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှု၍ အပတ်စဉ်သတင်းထုတ်ပြန်ခြင်းအား ဆောင်ရွက်လျက်ရှိရာ ယခုရက်သတ္တပတ်တွင် အ နည်းငယ်မြင့်တက်လာသော်လည်း ပြင်းထန်လူနာနှင့် အထူးကြပ်မတ်ကုသမှုပေးရသော လူနာများမရှိခြင်း၊ ‌ေ-သဆုံးသူမရှိခြင်းတို့ကြောင့် စိုးရိမ်ဖွယ်ရာ မရှိဘဲ ကျန်းမာရေးဝန်ကြီးဌာန ဆေးသုတေသနဦးစီး ဌာနမှ SARS CoV-2 မျိုးရိုး ဗီဇပြောင်းလဲမှုအား စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိပါတယ်။


news-view-count-icon

33