စစ်ကိုင်းမြို့ရှိ မသန်စွမ်းသူ ငလျင်ဘေးသင့် (၁၁၁) ဦးအား ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ ယမန်နေ့ မေလ ၂၃ ရက်တွင် စစ်ကိုင်း မျက်မမြင်ကျောင်း၌ လူသုံးကုန်နှင့် ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထောက်ပံ့ပစ္စည်းများတွင် ဆန် ၂၄ ပြည်၊ ကြက်ဥ ၁၀ လုံး၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီ၊ စားသုံးဆီ၊ ဆားအပါအဝင် စားသောက်ကုန်များ၊ ထို့အပြင် စတီးလ်ဇလုံ၊ မျက်နှာသုတ်ပုဝါ၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ဆေးဝါးစသည့် လူသုံးကုန်များလည်း ပါဝင်သည်။ ထောက်ပံ့မှုတွင် ဖောင်ဒေးရှင်းတာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး အပါအဝင် လုပ်ဖော်ကိုင်ဖက်များကလည်း တက်ရောက်ပါဝင်ခဲ့သည်။



