မြန်မာအသင်းနဲ့ အာရှဖလားခြေစစ်ပွဲ ကစားမယ့် ပါကစ္စတန်လက်ရွေးစင်အသင်းဟာ လာမယ့် ဇွန်လ (၁)ရက်နေ့မှာ လေ့ကျင့်မှုတွေ စတင်ပြုလုပ်မှာဖြစ်ပြီး ဇွန်လ (၅)ရက်နေ့မှာ ရန်ကုန်မြို့ကို လာရောက်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ မြန်မာအသင်းနဲ့ ပါကစ္စတန်အသင်းတို့ရဲ့ အာရှဖလားခြေစစ်ပွဲ အုပ်စုဒုတိယပွဲစဥ်ကို ဇွန်လ (၁၀)ရက်နေ့၊ ညနေ (၅)နာရီအချိန်၊ သုဝဏ္ဏကွင်းမှာ ကျင်းပမှာဖြစ်ပြီး ပါကစ္စတန်အသင်းအနေနဲ့ ရန်ကုန်မြို့ရဲ့ ရာသီဥတု၊ ကွင်းအနေအထားတို့နဲ့ အသားကျမှုရှိစေရန် အနည်းငယ်စောပြီး ရန်ကုန်ကိုလာရောက်ဖို့ စီစဥ်နေတာဖြစ်ပါတယ်။ 
မြန်မာအသင်းနဲ့ ပါကစ္စတန်အသင်းတို့ရဲ့ အာရှဖလားခြေစစ်ပွဲအတွက် လာမယ့် ဇွန်လ (၁)ရက်နေ့မှာ လေ့ကျင့်မှုတွေ စတင်ပြုလုပ်မည်
May 25 • 2:48 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


