မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်း မုတ်သုံဦး MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို (၃)ရက်ကြာ ခင်းကျင်းပြသကာ ပြည်သူများအား ရောင်းချပေးလျက်ရှိပါသည်။ ထိုပွဲများတွင် ဒေသခံလူထုအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို ပြသမှုနှင့် ရောင်းအားမြှင့်တင်ပေးရန် ရည်ရွယ်ထားပါသည်။



