ရန်ကုန်တိုင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် WiFi စက် တပ်ဆင်ပေးသူ အမျိုးသား တစ်ဦး ယနေ့ (မတ်လ ၂၄) ညနေ ၃နာရီ ၂၀မိနစ်ခန့်က ဓါတ်လိုက် သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။ဓါတ်လိုက် သေဆုံးသူမှာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI အိမ်ရာ နေထိုင်သူ အသက် ၃၂နှစ်အရွယ် ဦးရဲမင်းကို ဖြစ်ပြီး Mytel WiFiမှ WiFi Cabel ပြုပြင်သူ ဖြစ်ကြောင်း သိရသည်။အဆိုပါ ဓါတ်လိုက်သေဆုံးခြင်းနှင့်ပတ်သတ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။



