back

ရန်ကုန်တိုင်းဒေသကြီးမှာ မိုးကြီးမည့်သတိပေးချက်

May 24 • 4:23 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီးမှာ မိုးကြီးမည့်သတိပေးချက်

၂၄.၅.၂၀၂၅ ည ၉နာရီ ၀၉မိနစ်ခန့်မှန်းချက်အရဘင်္ဂလားပင်လယ်တွင်ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေအားအလွန်ကောင်းလာပြီး လာမည့် ၂၆ရက်နေ့နှင့်၂၇ရက်နေ့မျာ...

၂၄.၅.၂၀၂၅ ည ၉နာရီ ၀၉မိနစ်ခန့်မှန်းချက်အရဘင်္ဂလားပင်လယ်တွင်ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေအားအလွန်ကောင်းလာပြီး လာမည့် ၂၆ရက်နေ့နှင့်၂၇ရက်နေ့များမှာလျှက်စီးလက်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင်အတူ လေပြင်းအန္တရာယ်အနည်းငယ်လည်း ရှိနေတယ်လို့ ခန့်မှန်းတွက်ချက်ရရှိထားပြီး ၂၈၊၂၉၊၃၀ရက်နေများမှာလည်းနေရာအနှံ့အပြား မိုးဆက်ရွာနိုင်တော့ မြေဆီလွာအောင်းရေက စိုစွတ်အခြေအနေသို့ရောက်လာပြီးရေကြီး၊ရေလျှံတွေ ဖြစ်လာနိုင်တာကို သိပြုစေလိုပါတယ်။ အရင်ရက်ပိုင်းတွေမှာ ပူပြီးမိုးမရွာတာကအားယူနေတာ ဖြစ်ပါတယ်။ အရင်ရက်တွေကလည်း သတိပေးထားပြီးဖြစ်ပါတယ်။အခုက ရက်နီးလာပြီမို့ ထပ်မံအသိပေးတင်ပြခြင်းသာဖြစ်ကြောင်းသိရပါသည်။




news-view-count-icon

13