ထားဝယ်မြို့တွင်းရှိ စက်သုံးဆီကို မြို့ပြင်သို့ သယ်ယူခွင့်မပေးရန်ဆီလုပ်ငန်းများကို အကျပ်ကိုင်ညွှန်ကြားထားပြီး မြို့အဝင်၊အထွက်စစ်ဆေးရေးဂိတ်တို့တွင်လည်း စစ်ဆေးဖမ်းဆီးနေသဖြင့် အဖမ်းခံရသူများလည်း ရှိနေသည်။လချီကြာစက်သုံးဆီ ဖြတ်တောက်ထားခြင်းခံနေရသည့် ဒေသခံများမှာ တစ်လီတာကို ကျပ် ၇,၀၀၀ အထိဈေးကြီးပေး ဝယ်ယူနေကြရသည်။စက်သုံးဆီ ဝယ်ယူရခက်ခဲခြင်းနှင့် စျေးမြင့်တက်မှုတို့ကြောင့် ဒေသတွင်း အခက်အခဲ အကျပ်အတည်းများလည်း ပိုမိုများပြားလာနေပြီး ကုန်စျေးနှုန်းကြီးမြင့်မှုများလည်း ရှိနေသည်။



