ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရတ်ဘူရာနာခရိုင်တွင် မေလ ၂၄ ရက် နံနက် ၁၂ နာရီ ၂၀ မိနစ်အချိန်က ရတ်ပတ္တနားလမ်းဆုံတွင် ၂၂ ဘီးတွဲထရပ်ကားနှင့် ၁၀ ဘီးတွဲယာဉ်တို့ တိုက်မိပြီးနောက် လောင်စာဆီများ တိမ်းမှောက်ခဲ့သည်။ အဆိုပါ ၁၆၀၀၀ လီတာရှိသော လောင်စာဆီများအား ရဲတပ်ဖွဲ့၊ ကယ်ဆယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံစေတနာ့ဝန်ထမ်းများသည် ရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ပါသည်။ လောင်စာဆီများ ယိုဖိတ်မှုကြောင့် မီးလောင်မှုမှ ကာကွယ်ရန် ရေနှင့် အမြှုပ်များ ဖြန်းဆေးများ အသုံးပြုပြီး လောင်စာဆီ ထပ်မံမပြန့်ပွားစေရန် ဆောင်ရွက်ခဲ့ကြသည်။ တိမ်းမှောက်သည့် စက်သုံးဆီတင်ယာဉ်အား နံနက် ၈ နာရီ ၃၀ မိနစ်တွင် အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့သည်။



