စင်္ကာပူ အိမ်နီးနားချင်း၏ ဆားကစ်ပိတ်ထားသော ရုပ်မြင်သံကြား (CCTV) ကင်မရာတွင် ကြောင်တစ်ကောင်ကို ခိုးယူနေကြောင်း အိမ်ရှင်မှ တွေ့ရှ်ိခဲ့သဖြင့် အသက် (၂၀) နှစ်အရွယ် အမျိုးသားတစ်ဦးသည် သောကြာနေ့ (မေလ ၂၃ ရက်) တွင် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည့်အပြင် အဆိုပါ အမျိုးသားသည် အသက် ၁၉ နှစ်အရွယ် အတန်းဖော်ကို အနိုင်ကျင့် နှိပ်စက်ခဲ့ကြောင်းလည်း သိရသည်။ ဆန္ဒအလျောက် နာကျင်စေမှု နှင့် ခိုးမှု နှစ်ခုကို စီရင်ချက်ချသည့်အခါတွင် ထည့်သွင်းစဉ်းစားမည် ဖြစ်သည်။



