back

ပုသိမ်ကြီးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

May 24 • 10:44 AM

breaking-news

မြန်မာ

မန္တလေး

cover

ပုသိမ်ကြီးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မေလ ၂၂ ရက်နေ့ ၂၀:၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ မန္...

မေလ ၂၂ ရက်နေ့ ၂၀:၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်သွားကားလမ်းပေါ်တွင် KENBO အမျိုးအစားမော်တော်ဆိုင်ကယ်စီးနင်းသူ မတင်မာဝင်းအားစစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၂၁:၁၅ အချိန်တွင် ၎င်းနေထိုင်သည့် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ အမှတ်(၃)ရပ်ကွက်နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၉၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၉၈ သိန်း)အားထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မတင်မာဝင်း(၃၅)နှစ်အား အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိကြောင်းသိရပါသည်။





news-view-count-icon

16