back

တာချီလိတ်တွင် မြို့ပေါ်ရပ်ကွက်များတွင် ရေဝင်ဧရိယာဖြစ်ခဲ့သော်လည်း ပျက်စီးဆုံးရုုံးမှု မရှိခဲ့

May 24 • 10:39 AM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်တွင် မြို့ပေါ်ရပ်ကွက်များတွင် ရေဝင်ဧရိယာဖြစ်ခဲ့သော်လည်း ပျက်စီးဆုံးရုုံးမှု မရှိခဲ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ မေ ၂၃ ရက်ညပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မေ ၂၄ ရက်နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်အချို့၌ ရေများတက်လာပြီး ရေဝင...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ မေ ၂၃ ရက်ညပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မေ ၂၄ ရက်နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်အချို့၌ ရေများတက်လာပြီး ရေဝင်ဧရိယာဖြစ်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှု မရှိ ကြောင်း သိရသည်။မိုးရွာသွန်းမှုကြောင့် မယ်ခေါင်ရပ်ကွက်အတွင်း မြို့ပတ်လမ်းတွင်(၁)ပေခွဲခန့် ရေဝင်ရောက်လျက်ရှိပြီး အခြား ရပ်ကွက်များဖြစ်သော တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်နှင့် ဗိုလ်ချုပ်လမ်းရှိ ပုံလို့လမ်းဆုံ မီးပွိုင့်တို့တွင်လည်း သွားလာရခက်ခဲသည်အထိ ရေလျှံလျက်ရှိပါတယ်။မေလ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီအချိန် ပုန်းထွန်ဇလဗေဒတိုင်းတာရေးစခန်း တိုင်တာမှု များအရ မိုးရေချိန် ၂ ဒဿမ ၇၀ လက်မနှင့်  မယ်ဆိုင်ချောင်းရေမှတ် ၃၅၀ စင်တီမီတာတွင် ရောက်ရှိနေကြောင်း သိရပါတယ်။



news-view-count-icon

17