ဥရောပနိုင်ငံတွေက အမေရိကန်ကို တင်သွင်းတဲ့ ကုန်ပစ္စည်းအားလုံးကို အခွန် ၅၀ ရာခိုင်နှုန်းကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်လိုက်ပြီး ကုန်သွယ်ရေးစစ်ပွဲ ပိုမိုအရှိန်မြင့်လာပါတယ်။ဒါ့အပြင် အမေရိကန်မှာ မထုတ်လုပ်တဲ့ iPhone တွေကိုလည်း အမေရိကန်ကို ပြန်လည်တင်သွင်းလာရင် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမယ်လို့ အက်ပဲကို သတိပေးထားပြီး နောက်ပိုင်းမှာတော့ တခြားဖုန်းတွေကို အခွန်ကောက်ခံဖို့ အစီအစဉ်ရှိနေပါတယ်။အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့အကြား ကုန်သွယ်ရေးဆွေးနွေးပွဲမတိုင်ခင် ဒေါ်နယ်ထရန့်က အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။
ဥရောပ သွင်းကုန်တွေကို အခွန် ၅၀ ရာခိုင်နှုန်းနဲ့ အမေရိကန်မှာ မထုတ်တဲ့ iPhone တွေကို ၂၅ ရာခိုင်နှုန်း အခွန်ကောက်မယ်လို့ ဒေါ်နယ်ထရန့် ခြိမ်းခြောက်
May 24 • 4:22 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


