ယခုရာသီကုန်တွင် အန်ဆယ်လော့တီ နှင့် လမ်းခွဲမည်ဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်းက မေ ၂၃ ရက်တွင် အတည်ပြုကြေညာခဲ့ပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင် မီ အလွန်ဆိုကို ခန့်အပ်ဖွယ်ရှိကြောင်း သိရ သည်။အသက် (၆၅) နှစ်ရှိပြီဖြစ်သည့် အီတလီနိုင်ငံသားနည်းပြ အန်ဆယ်လော့တီနှင့် ရီးယဲလ်အသင်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၆ ခုနှစ်အထိဖြစ်ပြီး တစ်နှစ်ကျန်ရှိနေသော်လည်း ယခုရာသီကုန်မှာပင် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ရီးယဲလ်အသင်းသည် ယခုရာသီတွင် El Clasico ပြိုင်ဘက် ဘာစီလိုနာအသင်းကို ပြိုင်ပွဲစုံ လေးပွဲစလုံး ရှုံးနိမ့်ခဲ့သလို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွင် အာဆင်နယ်အသင်းအား အရှက်တကွဲ နှစ်ကျော့စလုံးရှုံးနိမ့်ခြင်းမှာ လမ်းခွဲရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ဖွယ်ရှိသည်။
May 24 • 4:21 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 16 | 0 | 0 | 0 |


