မိုးသက်လေပြင်းကျပြီး၊ မေ ၂၃ ရက် ၄ နာရီ ၂၂ မိနစ်အချိန်မှာတာဝါတိုင်၂တိုင်၊ပြိုလဲပျက်စီးခဲ့လို့ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်း တွေဆီ ဓာတ်အားဖြန့်ဖြူးနိုင်မှုယာယီ လျော့ကျတာတွေရှိတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း က အသိပေးပြောလာပါတယ်။မိုးသက်လေပြင်း တိုက်ခတ်ပြီး ၂၃၀ ကေဗွီ မြောင်းတကာ- လှိုင်သာယာ ဓာတ်အားလိုင်း၊ထန်းတပင်မြို့နယ်၊ တံတားဦး ကျေးရွာအနီး ၊ တာဝါတိုင်အမှတ် ၉၁ နဲ့ ၉၂ ၊၂ တိုင် ပြိုလဲပျက်စီးခဲ့ကာအဲဒီအတွက် အရေးပေါ် ထိန်းသိမ်း ပြုပြင်မှု တွေ ဆောင် ရွက်နေချိန်မှာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကိုဓာတ်အားဖြန့်ဖြူးနိုင်မှု လျော့ကျနေပါတယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း က ပြောပါတယ်။ အခုလို ထိန်းသိမ်းပြုပြင်မှုတွေဆောင်ရွက်နေစဉ် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်များ မှာယာယီ ဝန်အားထိန်းညှိမှုတွေ ရှိနိုင်မှာဖြစ်ပြီး မေလ ၂၃ ရက် ၊ ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်မှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားပေး စက်တွေကို ပို့လွှတ်နေတဲ့ ရတနာကမ်းလွန် သဘာဝ ဓာတ်ငွေ့ ပလက်ဖေါင်းကို အရေးပေါ် Shut Down ပြုလုပ် ခဲ့ရပါတယ်။ဓာတ်အားစနစ်အတွင်းကို ဓာတ်အားထုတ်လုပ် ပို့လွှတ်ပေးနိုင်မှု (450MW )ခန့် လျှော့နည်းနေတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်း ကပြောထားသေးတာဖြစ်ပါတယ်။



