ယမန်နေ့ မေလ(၂၃)ရက် ညပိုင်းက ONE -109 ပွဲစဉ်၏ ဒုခေါင်တွဲဆိုင်းနေရာတွင် ထိုင်းဖိုက်တာ Wuttikrai Wor Chakrawut နှင့် ရိုးရာဖိုက်တာ အဲမွီတို့ ယှဉ်ပြိုင်ထိုးသ-တ်ရာ ပထမအချီ မပြီးဆုံးခင်မှာပင် အဲမွီမှာ ပြိုင်ဘက်၏ အလဲထိုးခြင်းခံခဲ့ရပါတယ်။ပွဲစဉ်အတွင်း ထိုင်းဖိုက်တာ Wuttikrai Wor Chakrawut ၏ ခြေကန်ချက်ဖြင့် လဲကျခဲ့ရသလို ဒူးတိုက်ချက်များအား မခဲနိုင်ဘဲ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သလိုပြိုင်ဘက်ဖြစ်သူ Wuttikrai Wor Chakrawut သည် ONE ၌ ယခုပွဲစဉ်အပါအဝင် (၂)ပွဲထိုး (၂)ပွဲနိုင် မှတ်တမ်းရရှိခဲ့ပြီး ရိုးရာဖိုက်တာ အဲမွီမှာ ယခုပွဲအပါအဝင် (၅)ပွဲထိုး (၂) ပွဲနိုင် (၃)ပွဲရှုံးရလဒ် ရရှိထားပြီဖြစ်ပါတယ်။



