back

၂၀၂၆ ပညာသင်နှစ်ပြည်တွင်း ဘွဲ့လွန်ဆေးပညာသင်တန်းများဖွင့်လှစ်ရန် ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့(၁/၂၀၂၅) အစည်းအဝေး ကျင်းပခဲ့

May 24 • 1:24 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

၂၀၂၆ ပညာသင်နှစ်ပြည်တွင်း ဘွဲ့လွန်ဆေးပညာသင်တန်းများဖွင့်လှစ်ရန် ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့(၁/၂၀၂၅) အစည်းအဝေး ကျင်းပခဲ့

မေလ၂၃ရက်နေ့၌ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် ၂၀၂၆ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများဖွင့်လှစ်ရန...

မေလ၂၃ရက်နေ့၌ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် ၂၀၂၆ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများဖွင့်လှစ်ရန် ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ (၁ /၂၀၂၅) အစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါတယ်။ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် ဘွဲ့လွန် သင်တန်းများကို ၁၉၆၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့အထိ ဒီပလိုမာသင်တန်း ၁၈ ခု၊ မဟာသိပ္ပံသင်တန်း ၆၀ နှင့် ပါရဂူဘွဲ့ သင်တန်း ၆၆ ခု စုစုပေါင်း ၁၄၄ ခုတို့ ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်အထိ ဘွဲ့လွန်သင်တန်းများမှ ဒီပလိုမာဘွဲ့ရရှိသူပေါင်း ၃,၈၇၃ ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ရရှိသူပေါင်း ၁၁,၄၇၂ ဦးနှင့် ပါရဂူဘွဲ့ ရရှိသူပေါင်း ၁၆၆၃ ဦး စုစုပေါင်း ၁၇,၀၀၈ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။



news-view-count-icon

67