back

ရန်ကုန်မြို့တွင် သုံးရက်အတွင်း ကျပ်သိန်း ၁၇၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

May 23 • 2:31 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့တွင် သုံးရက်အတွင်း ကျပ်သိန်း ၁၇၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဘိုခြံရပ်ကွက်ရှိ နေအိမ်နှစ်အိမ်အတွင်းမှ ကာလပေါက်ဈေး သိန်း ၁၀၀၈ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ကို မေလ ၁၈ ရက်နေ့တွင် ဖမ်းဆ...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဘိုခြံရပ်ကွက်ရှိ နေအိမ်နှစ်အိမ်အတွင်းမှ ကာလပေါက်ဈေး သိန်း ၁၀၀၈ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ကို မေလ ၁၈ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သလို ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မော်တော်ယာဉ်တစ်စီးမှ ကာလပေါက်ဈေး သိန်း ၆၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေး ဖော်ထုက်ချက်အရလည်း ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ နေအိမ် နှစ်လုံးအတွင်းမှ ကာလပေါက်ဈေး သိန်း ၃၉၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မေလ ၁၇ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အဆိုပါ သုံးရက်အတွင်း ဖမ်းဆီးရမိသော အမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားသလို ကွင်းဆက်များလည်း စစ်ဆေးပြီး ဖော်ထုတ်နေလျက်ရှိကြောင်း သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်အရ သိရသည်။




news-view-count-icon

12