စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ကုသခန်းမဆောင်တွင် အပတ်စဥ်သောကြာနေ့တိုင်းသက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကိုမေလ(၂၃)ရက်နေ့ နံနက်(၈)နာရီမှ (၁၂)နာရီထိဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ရောဂါအခံရှိသူသက်ကြီးဘိုးဘွားစုစုပေါင်း(၁၁၁)ဦးအားအခမဲ့စောင့်ရှောက်ကုသပေးခဲ့ကြောင်းသိရသည်။



