ဟုမ္မလင်းမြို့တွင် မေ ၁၁ရက်နေ့ နေ့လည်(၁၂)နာရီခွဲအချိန်ခန့်က လေပြင်းတိုက်ခတ်၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ သောခရစ်ယာန်ဘုရားရှိခိုး ကျောင်း(၁)ကျောင်းအတွက်၊ကျောင်းဆောက်ပစ္စည်း၊ဖိုးထောက်ပံ့ငွေ(၅၀,၀၀၀)ကျပ်၊တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ်(၁၀)လုံးစာအတွက်၊အိမ် ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၄၈၀,၀၀၀)ကျပ်နှင့်ဘေးသင့်လူဦးရေ(၅၆)ဦးစာအတွက်တစ်ပတ်စာဆန်ဖိုး(၂၈၀,၀၀၀)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေကျပ်(၈၁၀,၀၀၀)ကျပ်အားဘေးသင့်ပြည်သူများလက်ဝယ်အရောက်သွားရောက်ထောက်ပံ့ခဲ့သည်။



