back

အင်းလေးဒေသ ငလျင်ဒဏ်ကြောင့် ဒေသခံများ စိုက်ပျိုးရေးလုပ်ငန်း နလံမထူနိုင်သေး

May 23 • 2:21 PM

breaking-news

မြန်မာ

ရှမ်း

cover

အင်းလေးဒေသ ငလျင်ဒဏ်ကြောင့် ဒေသခံများ စိုက်ပျိုးရေးလုပ်ငန်း နလံမထူနိုင်သေး

ရှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်သင့်သည့် ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်းများ နလံမထူနိုင်သေးကြောင်း သတင်းရရှိသည်။ယခုနှစ်တွင် ခရမ်းချဉ်သီးအပြင် စို...

ရှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်သင့်သည့် ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်းများ နလံမထူနိုင်သေးကြောင်း သတင်းရရှိသည်။ယခုနှစ်တွင် ခရမ်းချဉ်သီးအပြင် စိုက်ခင်းများစွာ စိုက်ပျိုးထားသည့် ဒေသခံများသည် ဆုံးရှုံးမှုများပြီး၊ အချို့သည် အရင်းအနှီးများပါ ဆုံးရှုံးသည်အထိ ရှိနေကြောင်း အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ဆိုသည်။ အင်းလေးဒေသအတွင်း ငလျင်ဒဏ်ကြောင့် ရွာပေါင်း ၃၀ ဝန်းကျင်ခန့်၊ နေအိမ် ၃၅၀၀ ထက်မနည်း ပျက်စီးခဲ့ရပြီး ရွာတိုင်းနီးပါး ‌သောက်‌ရေ သုံးရေ အခက်အခဲများ ကြုံတွေ့နေရပြီး၊ ‌ကေလာ၊ နမ့်ပန်၊ ဇရပ်ကြီး၊ ရှေ့ဝကြီး စသည့် ကျေးရွာများတွင် ဝမ်းပျက်ဝမ်းလျောရောဂါများ စတင်ကြုံတွေ့နေရကြောင်း အင်းလေးဒေသခံများကပြောသည်။




news-view-count-icon

14